Перейти к содержимому

မြန်မာ့လူထုလှုပ်ရှားမှုအတွက် Democracy Award 2026

DVB TV News

0:00 / 0:00

မြန်မာ့လူထုလှုပ်ရှားမှုအတွက် Democracy Award 2026

5 303 просмотра · 14 часов назад
DVB TV News
3,73 млн подписчиков
5 303 просмотра · 14 часов назад
မြန်မာ့လူထုလှုပ်ရှားမှုအတွက် Democracy Award 2026 🏆 NED Democracy Award 2026 နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ မြန်မာ့လူထုလှုပ်ရှားမှု 🇺🇸 National Endowment for Democracy (NED)ရဲ့ ဒီမိုကရေစီဆု အခမ်းအနားကို အမေရိကန်လွတ်လပ်ရေးခေါင်းဆောင်George Washington ရဲ့ Virginia ပြည်နယ်၊ Mount Vernon နေအိမ်မှာ စက်တင်ဘာ ၁၀ ရက်က ကျင်းပခဲ့ပြီး သပိတ်ခေါင်းဆောင် ကိုနန်းလင်းက မြန်မာ့လူထုလှုပ်ရှားမှု ဦးဆောင်သူတွေရဲ့ကိုယ်စား အွန်လိုင်းကနေ လက်ခံရယူခဲ့ပါတယ်။ 🗽 ဒီနှစ်ဆုပေးပွဲရဲ့ ဆောင်ပုဒ်က အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်က အာမခံထားတဲ့ အခြေခံလွတ်လပ်ခွင့်တွေဖြစ်ပါတယ်။ 🗣️ လွတ်လပ်စွာပြောဆိုခွင့်၊ 📰 စာနယ်ဇင်းလွတ်လပ်ခွင့်၊ 🛐 ဘာသာရေးလွတ်လပ်ခွင့်၊ 🤝 ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ✍️ အစိုးရထံ တောင်းဆိုခွင့်တို့ကို ကာကွယ်နေသူတွေကို ဂုဏ်ပြုတာပါ။ 🌍 မြန်မာနိုင်ငံအပါအဝင် ရုရှား၊ ကျူးဘား၊ ဆီးရီးယားနဲ့ အီသီယိုးပီးယားတို့က လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ၂၀၂၆ ဒီမိုကရေစီဆုတွေ ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ 🔴🔵 NED ဟာ Republican နဲ့ Democratic ပါတီနှစ်ရပ်စလုံးရဲ့ ထောက်ခံပံ့ပိုးမှုနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး နိုင်ငံပေါင်း ၈၀ကျော်က သတင်းမီဒီယာတွေ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ တွဲဘက်ဆောင်ရွက်နေတာပါ။ 🕊️ ဒီမိုကရေစီ ဆုရုပ်တုကတော့ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ တီယန်နန်မင်ရင်ပြင် ဆန္ဒပြကျောင်းသားတွေ စိုက်ထူခဲ့တဲ့ “ဒီမိုကရေစီနတ်သမီး—Goddess of Democracy” ရုပ်တုကို အခြေခံထားတဲ့ ပုံတူဖန်တီးမှု ဖြစ်ပါတယ်။ #DemocracyAward2026 #NED #Myanmar #HumanRights #pressfreedom