Перейти к содержимому

Khit Thit Afternoon News |8 November 2026

Khit Thit Media

0:00 / 0:00

Khit Thit Afternoon News |8 November 2026

86 159 просмотров · 2 ч назад
Khit Thit Media
3,31 млн подписчиков
86 159 просмотров · 2 ч назад
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၈ ရက် နေ့လဘ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရဲတပ်ဖွဲ့ကို စစ်တပ်ပုံစံ ဖွဲ့စည်းပုံအဖြစ် ပြောင်းလဲ နေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတစ်ခုစီအလိုက် ရဲတိုင်းစစ်ဌာနချုပ်တွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ -မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တာဝန်ကျနေတဲ့ အမှတ် ၅ ရဲတပ်ရင်းက ရဲ ၂ ဦးဟာ လက်နက်ခဲယမ်း တွေ ယူဆောင်ပြီး အလင်းဝင်လာခဲ့တယ်လို့ Taung Tha People Defense Force – TTA PDF တပ်ဖွဲ့က တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဘုရင်အဝေးပြေးမော်တော်ယာဥ်လိုင်းက အမျိုးသမီး၂ ဦးအပါ ဝန်ထမ်း ၃ ဦးကို တော်လှန်ရေး PDFတပ်တွေဆီ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက် စစ်တပ်က ထောင်ဒဏ် ၃၄ နှစ်ကနေ ၅၄ နှစ်အထိ မတရားချမှတ်လိုက်တယ်လို့ ရွှေဘိုသတင်းရင်း မြစ်တစ်ခုက မောင်းကိုပြောပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခံနေရချိန်မှာတောင် လက်နက်ထုတ် လုပ်ရေးနဲ့ သိုလှောင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မြေအောက်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်ထားတယ်လို့ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။