Перейти к содержимому

ရခိုင် ၄မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဗုံးကြဲမှုကြောင့် လူတစ်ဒါဇင် သေဆုံး

Myanmar Now News

0:00 / 0:00

ရခိုင် ၄မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဗုံးကြဲမှုကြောင့် လူတစ်ဒါဇင် သေဆုံး

8 382 просмотра · 10 ч назад
Myanmar Now News
1,22 млн подписчиков
8 382 просмотра · 10 ч назад
ရခိုင် ၄မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဗုံးကြဲမှုကြောင့် လူတစ်ဒါဇင် သေဆုံး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ရှိရာ ရခိုင်ပြည်နယ် က မြောက်ဦးမြို့က ယာယီ သားဖွားဆေးရုံကိုအာဏာသိမ်းစစ်တပ် က နိုဝင်ဘာလ(၁)ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစ ကလေးငယ် တစ်ယောက်အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီးတော့ ၉ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ မြောက်ဦးမြို့ပေါ်ကို တိုက်လေယာဉ် ၂စီး ပျံဝဲလာပြီး ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ အထိတ်တလန့်နဲ့ထွက်ပြေးခဲ့ရသလို ယာယီဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခံရအပြီးမှာ ဒဏ်ရာရလူနာတွေကို ဦးစားပေးပြီး ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်မှာ နယ်မြေ အများစုကို လက်လွှတ်ထားရတဲ့ စစ်တပ်ဟာ ၂၀၂၆နှစ်ဆန်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာခဲ့ပြီး အရပ် သားနေထိုင်ရာ စာသင်ကျောင်း၊ ဆေးရုံနဲ့ စျေးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ပိုလုပ်လာပါတယ်။ Myanmar Now ရဲ့ စာရင်းတွေအရ စက်တင်ဘာလ ၁ မှ အောက်တိုဘာလ ၂၄ ရက်အထိ လေကြောင်း တိုက်ခိုက်မှုကြောင့် ၈၇ ယောက် သေဆုံးပြီး ၁၃၈ယောက် ဒဏ်ရာရခဲ့ပါတယ်။ သတင်း/ရိုက်ကူး - ညီထွေး