Перейти к содержимому

ငါးငရုတ်သီးချက် Myanmar chili fish recipe

Cook for K1

0:00 / 0:00

ငါးငရုတ်သီးချက် Myanmar chili fish recipe

17 276 просмотров · 3 года назад
Cook for K1
462 тыс. подписчиков
17 276 просмотров · 3 года назад
ဒီဟင်းချက်နည်းလေးက အစ်မ ladygoogoo ဆီက သွားမေးထားတဲ့ ချက်နည်းလေးအတိုင်း ချက်ထားခြင်းဖြစ်ပါတယ်။ ငရုတ်သီးစိမ်းမွှေးမွှေးလေးစပ်စပ်လေး စားကောင်းတဲ့ ထမင်းမြိန်ဟင်းတခွက်လည်းဖြစ်ပါတယ်။ ငါးကို ငါးကျည်း။ငါးခူ။ငါးကြင်း စတဲ့ နှစ်သက်ရာ ငါးကို အသုံးပြုလို့ရပါတယ်။ ကျွန်တော်ကတော့ ငါးကြင်းကို သုံးထားပါတယ်ခင်ဗျာ။ ငါးတွေကို အတုံးလေးတွေတုံးထားပြီးရင် နနွင်းနဲ့ ဆားထည့်ပြီး နယ်ထား နှပ်ထားပေးပါ။ အရသာတွေ နာရီဝက်လောက်နှပ်ပြီးသွားရင် ဆီပူပူထဲမှာ ထည့်ကြော်ပေးပါ. ငါးကြော်တဲ့အခါမှာ ဆီက ပူမှ ထည့်ပြီး ကြော်ပေးပါ။ ပြီးရင် ငါးတွေကို ချက်ချင်း မလှန်ဘဲ တဖက်ကို လုံးဝ ကျက်ပြီး ကြွပ်လာမှ နောက်တဖက်ကို လှန်ပေးပါ။ ငါးကျက်ပြီးကြွပ်လာပြီဆိုမှ ဆယ်ပြီး အအေးခံထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုတ်နုတ်စဉ်းထားပါ။ ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီးနုတ်နုတ်လေးတွေစဉ်းထားပြီး ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။ အအေးခံထားတဲ့ ငါးကြော်တွေကို အရိုးနွှင်ထားပေးပါ. ဒယ်အိုးထဲဆီကို ခွက်တဝက်ထည့်မယ်။ ကြက်သွန်နီပါးပါးလှီးထားတာထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်နီက ကြည်ပြီးမွှေးလာရင် နနွင်းမှုန့်ထည့်ပေးပါ။ ကြက်သွန်နီ နွမ်းပြီးမှ ကြက်သွန်ဖြူထည့်မယ်။ ဆီချက်မဖြစ်တဖြစ် မွှေးလာပြီဆိုမှ ခရမ်းချဉ်သီးနုတ်နုတ်စဉ်းထားတာ ၁ လုံးလောက်ထည့်ပါမယ်။ ခရမ်းချဉ်သီးတွေ နွမ်းပြီး လိတ်တက်လာပြီဆိုမှ ငရုတ်သီးစိမ်းထည့်မယ်။ ခဏမွှေပြီးရင်တခုတည်းသော အရသာ ဆား ကိုထည့်ပါမယ်. ၃ မိနစ်လောက်မွှေပေးပြီးရင် အရိုးနွှင်ထားတဲ့ ငါးကြော်တွေထည့်မယ်။ ရေနွေးထည့်မယ်။ မွှေရင်းမွှေရင်းနဲ့ ဖယ်ဖို့ကျန်ခဲ့တဲ့ အရိုးလေးတွေထည့်မယ်။ ပြီးးရင် နံနံပင်လေးအုပ်လိုက်ရင် ငါးကြော်နံ့လေးမွှေးနေတဲ့ ငါးငရုတ်သီးချက်လေးကို ထမင်းပူပူနဲ့ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ…