Перейти к содержимому

းစပါးရိတ်သိမ်းချိန် မိုးပြန်များလာနိုင်၊ တောင်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့လို

CJ Platform

0:00 / 0:00

းစပါးရိတ်သိမ်းချိန် မိုးပြန်များလာနိုင်၊ တောင်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့လို

12 175 просмотров · 6 часов назад
CJ Platform
147 тыс. подписчиков
12 175 просмотров · 6 часов назад
မိုးစပါးရိတ်သိမ်းချိန် မိုးပြန်များလာနိုင်၊ တောင်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့လို ဒီကနေ့ အောက်တိုဘာ ၂၂ ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက် CJ Platform ဒီနေ့ အောက်တိုဘာ ၂၂ ရက် ကြာသပတေးနေ့အတွက် မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ဖြစ်ပေါ်နိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ ဘင်္ဂလားပင်လယ်အော်မှာ မနက်ဖြန်ကစပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး အောက်တိုဘာ ၂၄ ရက်ကနေ ၂၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလည်း ဒီနေ့ နိုင်ငံတစ်ဝန်း မိုးရွာနိုင်ခြေ နည်းပါးနေဆဲဖြစ်ပေမဲ့ အပူရှိန်မြင့်တက်မှုနဲ့ မိုးတိမ်တောင်အန္တရာယ်တွေကို သတိပြုဖို့ လိုအပ်ပါတယ်။ Tropical Tidbits ရဲ့ AI စနစ်သုံး ဥရောပမိုးလေဝသခန့်မှန်းမော်ဒယ် AIFS-ENS အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေထုဖိအားစနစ်တွေ စုစည်းလာနေပါတယ်။ မနက်ဖြန် အောက်တိုဘာ ၂၃ ရက်မှာတော့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းကြားမှာ ဗဟိုလေဖိအား ၁၀၀၉ ဟက်တိုပါစကယ်ရှိတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ #CJPlatform #မိုးလေဝသခန့်မှန်းချက် #ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းသတိပြု #စိုက်ပျိုးမိုးလေဝသ