Перейти к содержимому

ကချင်-စစ်ကိုင်း-ရှမ်း ထိစပ်နေတဲ့ ရွှေလီမြစ်ဝှမ်းဒေသမှာ စစ်တပ်နဲ့ KIA တို့ကြား တိုက်ပွဲပြင်းထန်နေ

Ethnic Language TV

0:00 / 0:00

ကချင်-စစ်ကိုင်း-ရှမ်း ထိစပ်နေတဲ့ ရွှေလီမြစ်ဝှမ်းဒေသမှာ စစ်တပ်နဲ့ KIA တို့ကြား တိုက်ပွဲပြင်းထန်နေ

2 167 просмотров · 1 дн. назад
Ethnic Language TV
52,1 тыс. подписчиков
2 167 просмотров · 1 дн. назад
ကချင်-စစ်ကိုင်း- ရှမ်း ထိစပ်နေတဲ့ ရွှေလီမြစ်ဝှမ်းဒေသမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။   ဖားကန့်သွားလမ်း နန့်ယားလမ်းပိုင်းတစ်လျှောက် ဆိုးဆိုးရွားရွား လမ်းပျက်စီးနေပြီး ကုန်တင်ကားတွေကို ထွန်စက်တွေနဲ့ဆွဲတင်နေရကာ လက်ရှိ ကုန်းတင်တွဲကားကြီးတွေ သွားလာလို့မရဘူးလို့ ကားသမားတွေက ပြောပါတယ်။    ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်ရှားပါးတာကြောင့် ဝင်ငွေမရှိကြဘဲ ကလေးတွေရဲ့ကျောင်းစရိတ် ထောက်ပံ့နိုင်ဖို့ ပိုပြီးခက်ခဲလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။