Перейти к содержимому

ရန်ကုန် - မန္တလေးလမ်းဟောင်း ဘယ်နေရာတွေမှာ ဓားပြတွေ သောင်းကျန်းနေလဲ

MizzimaTV

0:00 / 0:00

ရန်ကုန် - မန္တလေးလမ်းဟောင်း ဘယ်နေရာတွေမှာ ဓားပြတွေ သောင်းကျန်းနေလဲ

76 671 просмотр · 2 нед. назад
MizzimaTV
3,36 млн подписчиков
76 671 просмотр · 2 нед. назад
001 မဇ္ဈိမ။ ။ ရန်ကုန် - မန္တလေးလမ်းဟောင်းရဲ့ လမ်းပိုင်းနေရာတချို့ဖြစ်တဲ့ ရမည်းသင်းကနေ မိတ္ထီလာတကြောနဲ့ နေပြည်တော်တကြောမှာ ဓားပြတွေ သောင်းကျန်းမှု အခြေအနေ ဆိုးရွားနေပြီး ညအိပ်ရပ်နားတဲ့ ကုန်တင်ကားတွေ မကြာခဏ ဓားပြတိုက်ခံနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်းဘက်နေရာတွေ၊ တပ်ကုန်းပြတိုက်၊ ရမည်းသင်း ကတ္တားဂိတ်နား၊ တပ်ကုန်း ကတ္တားဂိတ်နား၊ နေပြည်တော် ဘောဂသီရိကားကွင်းအကျော်နဲ့ တပ်ကုန်းတိုးဂိတ်အကြား စတဲ့ နေရာတွေမှာ ဓားပြတိုက်ခံနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက မဇ္ဈိမကို ပြောပါတယ်။ ကုန်တင်ယာဉ်မောင်းတဦးကတော့ ၎င်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲ တပ်ကုန်းပြတိုက်မှာ တခါ၊ နေပြည်တော်ထဲမှာ တခါ စုစုပေါင်း နှစ်ခါ ဓားပြတိုက်ခံလိုက်ရတယ်လို့ ပြောပါတယ်။ နေပြည်တော်ထဲ ဓားပြတိုက်ခံလိုက်ရတာက ဘောဂသီရိနဲ့ တပ်ကုန်းကြားထဲမှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ ဓားပြတိုက်တဲ့အဖွဲ့မှာ လူကိုးဦးခန့်ပါပြီး ငှက်ကြီးတောင်ဓားရှည်တွေနဲ့ တုတ်တွေ ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။ အကြောင်းစုံကို မဇ္ဈိမရဲ့ သတင်းထောက် 001 က တင်ဆက်ထားပါတယ်။ သတင်း/ တင်ဆက်/ တည်းဖြတ် - 001 #MizzimaNews #ရန်ကုန် #မန္တလေးလမ်းဟောင်း #ဓားပြ #သောင်းကျန်း ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV :    / @mizzimanewstv   One link to follow all Mizzima platforms: https://mizzima.carrd.co